Local News

မန္တလေးဈေးကွက်တွင် ကုလားပဲဖြူ လုံးကြီး (V-7) ကို အိန္ဒိယ မှ အဝယ်ရှိ၍ ဈေးမြင့်လာ

Last Updated:

၂၀၂၂ ခုနှစ် မေလ ပထမပတ်အတွင်း မန္တလေးကုန်စည်ဒိုင်သို့  မတ္တရာ၊ စဉ့်ကူး၊ ကျောက်ဆည်၊ ကူမဲ၊ သဲတော၊ ဝမ်းတွင်း၊ စစ်ကိုင်း မြင်းမူ နှင့် ဆားတောင် တို့မှ ကုလားပဲများဝင်ရောက်မှုရှိကြောင်း၊ ကုလားပဲဝါ (ထိုင်ဝမ်/ 929) နှင့် ကုလားပဲဖြူလုံးကြီး V-2 တို့မှာ ဈေးအေး၊ အရောင်း အဝယ်အေးနေကြောင်း၊ ကုလားပဲဖြူလုံးကြီး V-7 တစ်မျိုးသာ အိန္ဒိယ မှ အဝယ်ရှိ၍ ဈေးမြင့်လာခဲ့ကြောင်းသိရသည်။

 

ကုလားပဲဝါ (၅၆.၂၅) ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ထိုင်ဝမ် (၁၂၂၀၀၀) ကျပ်၊ 929 (၁၂၅၀၀၀) ကျပ်၊ ကုလားပဲဖြူလုံးကြီး V-2 (၅၇.၂၅) ပိဿာဝင်သုံးတင်းတစ်အိတ် (၁၃၃၀၀၀) ကျပ်ဖြင့် ဈေးငြိမ်နေပြီး၊

 

ကုလားပဲဖြူလုံးကြီး V-7 (၅၇.၂၅) ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် (၁၃၆၀၀၀) ကျပ်၊ ယခင်တစ်ပတ် (၁၃၅၀၀၀) ကျပ်၊ ယခင်လ (၁၂၉၀၀၀) ကျပ်ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် တစ်အိတ် (၁၀၀၀)ကျပ်၊ ယခင်လထက် (၇၀၀၀) ကျပ် ဈေးမြင့်တက်လာသည်။

 

ရတနာပုံကုန်သွယ်မှုဗဟိုဌာန

Category: Local News